ကျောက်ဆည် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်နှင်းရီနှင့် ဝန်ထမ်းများက မျိုးဆက်သစ် ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဆွေက ကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးပြီး ကျောင်း စာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရေးအတွက် စာအုပ်များဖတ်ရှုကြရန် အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှ လူမျိုးဂုဏ်တင့်မည်၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိသည့် အကျိုး ကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများက သုတရသစာအုပ်များဖတ်ရှုကြပြီး ပြသထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ မိုလ်ဘိုင်းကွင်းဆင်းခြင်းလုပ်ငန်းများကို ကျောက်ဆည်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)