ကြံခင်း ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက် ယနေ့နံနက် (၈)နာရီခွဲအချိန်က ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်း ကျေးရွာအုပ်စု၊ တောင်သူဦးဝင်းနိုင်၏ ကွင်းအမှတ်(၇၀)၊ ဦးပိုင်အမှတ်(၁၂၁)ရှိ လယ်မြေ (၃.၀၀) ဧကအတွင်း ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ ဘက်ရဲမြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူးဦးအေးချမ်းစိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစတိုင်းသာယာနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ တတ်ရောက်ကြည့်ရှု ကြသည်။
ကြံခင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးမြေဆီလွှာ ဖွံဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧကပေါင်း(၃၄၀၀) စိုက်ပျိုးထားရှိရာ ယနေ့အထိ ကျေးရွာအုပ်စု (၁၀)အုပ်စု၊ တောင်သူ(၄၆၈)ဦး၏ လယ်မြေ(၁၄၁၅)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)