နတ်မောက်မြို့၌ ဘုရားကြီးကျောင်းတိုက်လမ်းအား ကျပ်သန်း (၄၇.၈၅)ဖြင့် ကွန်ကရစ်ခင်း

နတ်မောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မကွက်သစ်ရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်လမ်း ကွန်ကရစ်လမ်းအရှည်ပေ (၁၁၀၀)အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘုရားကြီးကျောင်းတိုက်လမ်းကွန်ကရစ်ခင်းခြင်းတွင် အကျယ် ၁၂ ပေ၊ အမြင့် ၈ လက်မ ဖြစ်ပြီး လမ်းအရှည် ၁၁၀၀ပေအား တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေပစ္စည်းတင်ဒါဖြင့် ကုန်ကျငွေကျပ်သန်း (၄၇.၈၅) ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြီးစီးမှုရာခိုင်နှုန်း (၅၀)ရှိပြီဖြစ်၍ ကွန်ကရစ်လမ်းခင်းရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေးပြည့်မှီရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ကြည့်ရှုစစ်ဆေးခဲ့ကြရာ လမ်းတည်ဆောက်ရေး တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ ဒေါ်နွယ်နီလင်းက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း