ဆီဆိုင်မြို့ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဆီဆိုင် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ ဓါတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဦးကြီးဒဲရယ်က အာဇာနည်နေ့အကြောင်းသိကောင်းစရာများနှင့် အာဇာနည်ခေါင်းဆောင် ကိုးဦး၏ အတ္ထုပ္ပတ္တိ သမိုင်းကြောင်းများကို  အသိပညာပေးဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင် များနှင့် စာအုပ်/စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)