ပန်းတောင်းမြို့နယ်၌ စုပေါင်းသန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပန်းတောင်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ စုပေါင်းသန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံက်ပိုင်းက ဝန်လိုရပ်ကွက် သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချစ်ကိုကိုတို့မှ အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှိုတ်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ခြောက်သစ်ရွက်များနှင့် ခြုံနွယ်မြက်ပင်များအားစုပေါင်း ခုတ်ထွင်ရှင်းလင်းကြပြီး၊ သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။

ထို့နောက် မြို့သာယာလှပစေရေးအတွက် သစ်ပင်များစိုက်ပျိုးရာတွင် ခရေ ၄၀၊ ကံကော် ၁၀၊ မယ်ဇယ် ၂၀၊ သပြေ ၃၀၊ တရုတ်တယ် ၂၀၊ ခရေ ကံကော် သပြေ မယ်ဇယ် ၁၂၀ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)