ကျွန်းလှ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥသုံးလုံးပါ ပစ္စည်းသုံးမျိုးကို ငွေကျပ် ၃၀၀၀၊ ကြက်ဥငါးလုံး ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ အိမ်ထောင်စု ၂၀၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များအား မြို့ပေါ်ရပ်ကွက်ဈေးများ၌ အပတ်စဉ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)