ထန်းတပင်မြို့နယ်၌ အခြေခံပညာမူလတန်း(ကြိမ်ပိုက်) ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဧပြီ ၄

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း​ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျားဟုန်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(ကြိမ်ပိုက်) တွင် ယမန်နေ့ နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်းတော်တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ကျောင်းဆောင်သစ်ကို ဒုတိယမြို့နယ် ပညာရေးမှူး ဒေါ်ရီဝေခိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေး၊ တာဝန်ခံကျောင်းအုပ် ဦးအောင်သူစိုးနှင့် ကျားဟုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ရီဝေခိုင်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အတွင်းရေးမူး ဦးရန်လင်းအောင်တို့က အမှာစကားများပြောကြားခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဌေးက ကျေးဇူးတင်စကားများ ပြန်လည်၍ပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာမူလတန်းကျောင်း(ကြိမ်ပိုက်) ကျောင်းစာကြည့်တိုက်အတွက် YMBA မှထုတ်ဝေသည့် (၃၈)ဖြာ မင်္ဂလာစာအုပ်များနှင့် အလှူငွေကျပ် တစ်သိန်းခွဲတို့ကို မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) ဒုတိယဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အတွင်းရေးမူး ဦးရန်လင်းအောင်တို့က အ.မ.က(ကြိမ်ပိုက်) ကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်လှူဒါန်း ခဲ့သည်။

အခြေခံပညာမူလတန်းကျောင်း(ကြိမ်ပိုက်)ကျောင်းဆောင်သစ်ကို ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၄၉.၀၅၆) သန်းဖြင့် 25th Group  Construction ကုမ္ပဏီမှ Plinth Level (2+1) RCC(၁)ထပ် (၆၀×၃၀)ပေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)