ဖြူး ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရာသီဥတုပူပြင်းလာသဖြင့် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ခန်းမတွင် အပူဒဏ်နှင့်ပက်သက်သည့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် မိခင်ကလေးကျန်းမာရေးဌာန၊ ဝန်ထမ်းများမှ အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာရမည့်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများခံစားရပါက လိုက်နာရန်အချက်များ၊ အပူဒဏ်ကြောင့်သတိလစ်ခြင်းလက္ခဏာများ ခံစားနေရသည့် လူနာအား အရေးပေါ်ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်