မုံရွာ ဇန်နဝါရီ ၂၇
မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်ဖို့ မျိုးဆက်ပွားကျန်းမာရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်း လေ့လာစို့ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင်ပြုလုပ်ရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စန်းစန်းအေး နှင့် ဒေါက်တာ မီးမီးတင်သိန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မုံရွာတက္ကသိုလ်မှ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀) ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးစွာ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော မုံရွာတက္ကသိုလ်ကျောင်းသူများ သုတေသနစာတမ်းမေးခွန်းလွှာများကို ဖြေကြားခြင်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ရန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးထွေးက မျိုးပွားကျန်းမာရေးအတွက် သိကောင်းစရာသားဆက် ခြားခြင်းနည်းလမ်းများအကြောင်းကိုလည်းကောင်း၊ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်က သားအိမ်ခေါင်းကင်ဆာအကြောင်းကို လည်းကောင်း အကျယ်တဝင့်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက မရှင်လင်းသည်များကို ပြည်လည်မေးမြန်းဆွေးနွေးမှုအား တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သုတေသနစာတမ်းမေးခွန်းများ ဖြေဆိုနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် မုံရွာတက္ကသိုလ်အား အမှတ်တရလက်ဆောင်များနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးဟောပြောသူများအား အမှတ်တရ လက်ဆောင်များကို တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)