နမ့်စန်မြို့ အ.ထ.က-ခွဲ(၅ရပ်ကွက်)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြော
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအသိပညာဗဟုသုတများတိုးပွား၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။