ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပသည်။
ဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာဖတ်ဝိုင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုး အသိပညာပေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကျန်းမာလှပအမျိုးသမီးဘဝ အသိပညာပေးဟောပြောပွဲများကို ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ရှင်းလင်းဟောပြောသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ် စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)