မလှိုင် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ဝင်ငွေတိုးပွားရေးလုပ်ငန်းမှ ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းအစီအစဉ်ဖြင့်(SMU) ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင်ပြုလုပ်သည်။
မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရ၏ရန်ပုံငွေဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၏(SMU) ဝင်ငွေတိုးပွားရေးလုပ်ငန်းမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားလုပ်ငန်းများအတွက် အသင်းသား၊ အသင်းသူ(၁၆၃)ဦးတို့အား ချေးငွေ စုစုပေါင်း ကျပ် ၃၆၇ဝဝဝဝဝ ကို ထုတ်ချေးပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)