တွံတေး ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်မြဂိုး ထူပါရုံကျောင်းတိုက်တွင် မြဂိုးမိသားစုများက ကြီးမှူးကျင်းပပြုလုပ်သည့် နှစ်သစ်ကူးနှစ်ဦးတရားအလှူတော်ဓမ္မသဘင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ ည (၇) နာရီအချိန်က မြဂိုးထူပါရုံကျောင်းတိုက်အတွင်း "စိန်မြင့်တင်စေတီတော်ရင်ပြင်" ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ကူးနှစ်ဦးဒါနအထူးတရားပွဲကို မြဂိုးမိသားစုများက ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းအား မင်းပိုင်းရပ်ကွက်၊ မြဂိုးထူပါရုံကျောင်းတိုက်အတွင်း စိန်မြင့်တင်စေတီတော်ရင်ပြင်၌ ကျင်းပပူဇော်သောတရားပွဲတွင် ထူပါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမမှ "ကောင်းမှုမကောင်းမှုတရားတော်" ကို ဟောကြားဆုံးမတော်မူပြီး ဆရာတော်အရှင်သူမြတ်က ဓမ္မမိတ်ဆွေအပေါင်းကို တရားရေအေးအမြိုက်ဆေး နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားပြသပေးကာ တရားနားကြွရောက်သော ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းအား မြဂိုးမိသားစုများက တရားနားကြွရောက်ကြသူများကို အာဟာရဒါနစတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ တရားနားကြွရောက်သူများအား မော်တော်ယာဥ်များဖြင့် ကြို/ပို့ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်