သန်လျင်မြို့နယ်၌ ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေး

ရန်ကုန် ဇန်နဝါရီ ၂

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ဒေဇတ်ကျေးရွာအုပ်စု၌ ထိုးနှံခဲ့ကြသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးဒေါက်တာစံလင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲက အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ