သန်လျင်ကျိုက်ခေါက်စေတီ မဟာပဌာန်းရွတ်ဖတ်ပူဇော်မည်

ရန်ကုန် ဇန်နဝါရီ ၂

သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို ဇန်နဝါရီ (၃၀) ရက်နံနက်တွင် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်ကြီးများက အနေကဇာတင်တော်မူကြပြီး အသံမစဲမဟာပဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ကျင်းပမည်ဖြစ်သည်။

ဆက်လက်၍ ဖေဖေါ်ဝါရီ (၁) ရက်နေ့ညနေ (၃) နာရီတွင် စေတီတော်ရင်ပြင်၌ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော် (၃၆) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်သည်။

သန်လျင်မြို့ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများတွင် ရပ်နီးရပ်ဝေးမှ ပါဝင်ကုသိုလ်ပြုလှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ဖုန်း ၀၉ ၄၂၀၁၈၉၆၄၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဖြိုးသီဟ