အမ်းမြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးသည့် အလေ့အထများ ရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေး ခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်း၊ အဆိုး အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့်သတ္တိ ရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်နာရီ ၁ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံဖွင့်ပွဲအခမ်းအနား တက်ရောက်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူးမြော်ကြည်ညို

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းကသံဖြူဇရပ်မြို့နယ်၊ ကဒတ်ထောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ

မြေပုံမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူသားအားလုံးဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃)မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူသားအားလုံးဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃)မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်ကမြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ပြုလုပ်သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၆)နှစ် မြောက်ပြည်ထောင် စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲများအား ယမန်နေ့နေ့လယ်ပိုင်းကအမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အထက အား/ကာသိပ္ပံကျေားင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်၍ ယှက်ပြိုင်ကစားလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ရှုံးထွက်ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။ 

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာ စတင်ဖွင့်လှစ်

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ နမ္မဒါဘိုးဘွားရိပ်သာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရာက်ခဲ့ကြသည်။

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ကြီးမြို့နယ်၌ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ဖိုးခေါင်ကျေးရွာအုပ်စု နန်းတော်ကုန်း ကျေးရွာတွင် မေတ္တာရောင်ခြည် ​စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ဘားအံတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစား ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံတက္ကလိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ တိုင်းရင်းသားရိုးရာ အစားအစား ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်

ဘူးသီးတောင်မြို့၊ မြို့သစ်အလက(ခွဲ)ကျောင်း၌ လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ မြို့သစ်အ.လ.က(ခွဲ)စာသင်ကျောင်းတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့သစ်အလက(ခွဲ) ကျောင်း၌ ကျင်းပခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြည်ထောင်စုနေ့အကြောင်းသိကောင်း စရာများ ပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  အဆိုပါရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to