မော်လမြိုင် ဖေဖော်ဝါရီ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၆)နှစ် မြောက်ပြည်ထောင် စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲများအား ယမန်နေ့နေ့လယ်ပိုင်းကအမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အထက အား/ကာသိပ္ပံကျေားင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်ကပြည်ထောင်စုနေ့နှင့် ပတ်သက်၍အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ချက်ဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ် စိတ် ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့ စသည်တို့ကို ဟောပြောရှင်းပြခဲ့ပြီး(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) နံနံရံကပ်စာစောင်ပြပွဲများအားခင်းကျငးပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်