အမ်းမြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

အမ်း ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးသည့် အလေ့အထများ ရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေး ခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်း၊ အဆိုး အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့်သတ္တိ ရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်နာရီ ၁ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း ခေတ္တကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်၊ စာဖတ်သူလူငယ်များ၏ အာသာချက်၊ လူတစ်ယောက်၏ တန်ဖိုးခေါင်စဉ်များဖြင့်လည်းကောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ဝေက ကိုယ်လက်လှုပ်ရှားအားကစား ကဏ္ဍဆိုင်ရာများနှင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်မှုအပ် ချုပ်သင်တန်းအမှတ်စဉ် (၅)မှ သင်တန်းသူ မစန္ဒာခိုင်က စာဖတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်မိုးလှိုင်က လူမှုကွန်ယက်ပေါ်မှ အန္တရာယ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မတင်နီလာထွေးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထက်ထက်စိုးမှ လူငယ်များသိသင့်သည့်အချက်များခေါင်စဉ်ဖြင့် တစ်ဦးချင်းစီ၏ အမြင်များအား ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ သင်တန်းသူ(၃၀)ဦး တက်ရောက်ကာ ဆွေးနွေးမှုနှင့်ပတ်သက်၍လည်းကောင်း၊ အခြားသိရှိလိုသည်များအားလည်းကောင်း မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးနံရံကပ်စာစောင်များကို သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)