မြေပုံမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူသားအားလုံးဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃)မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲပြုလုပ်

မြေပုံ ဖေဖော်ဝါရီ ၁၁  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူသားအားလုံးဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃)မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်ကမြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ပြုလုပ်သည်။

ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်ပြည်သူ့အကျိုးပြု ဘော်လန်ဒီယာများ တက်ရောက်ကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းက ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး ဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးပွဲသို့ရောက်ရှိလာသူများအား ကျေးဇူး တင်စကားပြောကြားကာ ဆေးတိုက်ကျွေးမည့် စီမံချက်များ အသက်အရွယ်အလိုက်တိုက်ကျွေးရမည့် ဆေးပမာဏများနှင့် ဆေးမတိုက် ကျွေးသင့်သူများတို့အကြောင်း အသိပေးဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက ပါဝင်ကွင်းဆင်းလုပ်ကိုင်ဆောင်ရွက်ရာ၌ တွေ့ကြုံနိုင်မည့် အချက်အလက်များကို အပြန်အလှန်ဆွေးနွေး ကြကြောင်း သိရသည်။

တင်ဝင်း