ဇေယျာသီရိမြို့နယ်၌ လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းဖွင့်လှစ်ပို့ချ

ဇေယျာသီရိ ဖေဖော်ဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထပ်တိုးခန့်အပ်ထားသည့် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများအား ကျောင်းလုပ်ငန်းခွင်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေစေရေးအတွက် လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၁၆)အခြေခံပညာအထက်တန်း​ကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးမင်းသူတို့က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားကာ ဝန်ထမ်းများလိုက်နာမည့် စည်းကမ်းချက်များ၊ တာဝန်များအ​ကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။                                                                                               

အဆိုပါ မွမ်းမံသင်တန်းကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၄) ဦးတို့မှ လက်ထောက်မူလတန်းပြ သင်တန်းသူ/သား (၂၀)ဦးတို့အား ဖေဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ၁၈ ရက် ၁၉ ရက်နေ့များတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပြန်/ ဆက်)