မောင်တော ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ရွှေဗဟိုလ်ကျေးရွာ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအတွင်းမှဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းက ကျေးရွာရေပေးရေးလုပ်ငန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးအနေဖြင့် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မောင်တောမြို့နယ်အတွင်း လုပ်ငန်း ၁၃ ခု၊ ဘူးသီးတောင်မြို့နယ်အတွင်း လုပ်ငန်း ၈ ခု အား ခွင့်ပြုငွေကျပ်သိန်း ၇၁၈၇ ဒဿမ ၉၂ သိန်းဖြင့် ကုမ္ပဏီများမှ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုဖွင့်လှစ်သည့် ရွှေဗဟိုလ်ကျေးရွာ ရေပေးရေးလုပ်ငန်းအနေဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်း ၇၂၀၀ ပေ ၊ ရေစုကန် ဂါလံ ၅၀၀၀ ဆံ့ တစ်ကန်အား ခွင့်ပြုငွေကျပ် ၂၆၀ သိန်းဖြင့် ဂိုးဒင်း ကမ္ဘာကုမ္ပဏီမှ ဆောင်ရွက်ပေးခဲ့ပြီး အိမ်ခြေ ၇၆၊ လူဦးရေ ၃၃၉ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်းနှင့် နှစ်စဉ် နွေရာ သီရောက်လျှင်ရေရှားပါးသည့် ကျေးရွာဖြစ်သည့်အတွက် ယခုနှစ်နွေရာသီတွင် ရေဖူလုံစွာသုံးစွဲနိုင်မည့်ဖြစ်ပြီး ကျေးရွာသူ/ သားများအနေဖြင့် ရေပေးရေးလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ရှင်းလင်းပြောကြားပြီးနောက် ရွှေဗဟိုလ်ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းကဖွင့်ပွဲ အခမ်းအနားအမှတ်တရ အလံငယ်များကို တာဝန်ရှိသူများထံပေးအပ်ပြီး အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်သူဝင်း၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသောသူများမှ ရေပေးဝေရေးဆောင်ရွက်မည့် ရေစုကန်အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ ဆက်)