ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

ပေါက်တော ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိလာစေရန် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ပြုလုပ်ကြသည်။

အဆိုပါ (Talk Show)တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယဦးစီးအရာရှိ ဒေါ်တင်တင်စိန် က(၇၆) ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ဆောင်ရွက်ခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်တွင်ပါရှိသည့် အကြောင်းအရာများကို မြို့နယဦးစီးအရာရှိ ဒေါ်တင်တင်စိန်နှင့် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးတို့က အကျယ်တဝင့် ဖတ်ကြားဆွေးနွေးပြောကြားကြသည်။

ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ရုံးနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အပြည့်အစုံကို ပေါက်တောမြို့နယ်ပြည့်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pauk Taw Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး (ပြန်/ ဆက်)