ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်ပြပွဲကျင်းပ

ပေါက်ခေါင်း ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့က အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များနှင့် မြို့နေပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများနှင့် အသိပညာပေး Talk Show အစီအစဥ်များကို ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)