မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ ရာသီစာ တမာဖူး၊ တမာရွက်နု ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ကျေးရွာများမှ ရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ် ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ တမာဖူး၊ တမာရွက်နုများ ခူးဆွတ် ရောင်းချခြင်းဖြင့်  မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း တမာဖူးခူးဆွတ်ရောင်းချသူများထံမှ သိရသည်။

သရက်မြို့၌ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက သရက်မြို့ စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့သည်။

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာသူများမအား စာကြည့်တိုက်သို့မလာရောက်နိုင်သော စာဖတ်ပရိသတ်များထံသို့ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လက်ကောက်ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီနေရပ်စွန့်ခွာသူများစခန်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် Community Centre တွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သည် လူကုန်ကူးမှုအန္တရာယ်အကြောင်းများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်‌နေ့ မွန်းလွဲ ၁ နာရီကကျင်းပ ပြုလုပ်ခဲ့သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကျောက်ဖြူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဉီးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲပြုလုပ်သည်။

ကော့သောင်းမြို့တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ‌‌ ကော့သောင်းမြို့တွင် ၂၀၂၃ နွေရာသီအားကစားသင်တန်းများကို အားကစားကွင်း/ရုံများတွင် ဖေဖော်ဝါရီ၂၆ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ(၁)လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

နမ္မတူမြို့နယ်၌ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့်အထိမ်းအမှတ်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လီဆူတိုင်းရင်းသား သမိုင်းဓလေ့အမွေအနှစ်များအား ထိန်းသိမ်းရန်အတွက် လီဆူစာပေနှင့်ယဉ်ကျေးမှု(၁၀၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၈)အခြေခံပညာမူလတန်းလွန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
Subscribe to