မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်း

မြောက်ဦး  မတ် ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာသူများမှ စာကြည့်တိုက်သို့မလာရောက် နိုင်သော စာဖတ်ပရိသတ်များထံသို့ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က လက်ကောက်ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီနေရပ်စွန့်ခွာသူများစခန်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များကို စာအုပ်စာပေများအလွယ်တကူလေ့လာဖတ်ရှု နိုင်ရန်အတွက် စာဖတ်ပရိသတ်များကြိုက်နှစ်သက်သည့် သုတ၊ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ ၊ ဝတ္တုစာအုပ်များ၊ စိုက်ပျိုးရေးနှင့် ပတ်သတ်သော ဒို့ကျေးရွာဂျာနယ်များတို့ကို လေ့လာဖတ်ရှုနိုင်ရန်အတွက် စာဖတ်ပရိသတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)