ချမ်းမြသာစည် မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန သည် လူကုန်ကူးမှုအန္တရာယ်အကြောင်းများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီကကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်း၊ မြို့နယ်စာရေးဆရာအသင်း၊ အဖွဲ့၀င်စာရေးဆရာ လွတ်လပ်ငြိမ်းတို့က လူကုန်ကူးမှုအန္တရာယ်များ၊ လူကုန်ကူးခြင်းခံရသူ တို့၏ စိတ်ပိုင်းဆိုင်ရာခံစားရမှုများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ လူကုန်ကူးသူတို့၏ အန္တရာယ်မှရှောင်ရှားနိုင်ရေး၊ တားဆီးကာကွယ်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)