ငဖဲမြို့နယ် ရင်းရှည်ကျေးရွာတွင် စွမ်းအားမြှင့် CCC မီးဖို ၄၃၄ လုံး အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့်အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ(မြန်မာနိုင်ငံ)တွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအနေဖြင့် စွမ်းအားမြှင့် CCC မီးဖိုများကို ကျေးရွာများတွင် အခမဲ့ဖြန့်ဝေလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ရင်းရှည်ကျေးရွာအုပ်စု ရင်းရှည်ကျေးရွာများတွင် စွမ်းအားမြှင့် CCC မီးဖို ၄၃၄  လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်

China Foundation for Poverty Alleviation နှင့် Alibaba Group တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Yangon University of Education ရှိ ကျောင်းသားအယောက် (၂၀၀) အားကျောင်းသားတစ်ဦးလျှင် ပညာသင်စရိတ် (၅)သိန်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း (၁,၀၀၀)ကျပ် ထောက်ပံ့လှူဒါန်း ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ယမန်နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Yangon University of Education တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နမ့်ဆန်မြို့နယ်တွင် နိုင်ငံတော်မှ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဆရာတော်များအား ကြိုဆိုရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဆရာတော်များအား စည်ကားသိုက်မြိုက်စွာ ကြိုဆိုနိုင်ရေးနှင့် ဘွဲတံဆိပ်တော်ပူဇော်ပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ လွယ်ဆိုင်ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာ(၃၂)ရွာတို့မှ ကျေးရွာနေပြည်သူ (၄၃၄၉)ဦး တို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သန်း(၁၅၀၆.၅၅)ကိုထုတ်ချေးပေးနိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအတွက် လိုအပ်သော အရင်းအနှီးများရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကို မြို့နယ်အတွင်းရှိကျေးရွာ(၄၀)တို့တွင် ဆောင်ရွက်လျက်ရှိပြီး

သီပေါမြို့နယ်၌ မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍  အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက်(၉)နာရီက ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်းဆောင်ရွက်

ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

နတ်​မောက်မြို့နယ်တွင် နွေစပါးဧက (၁၁၃၆)  လျာထားစိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် နွေစပါး (၁၁၃၆) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပုဂံ အမြန်ရထား ပြန်လည်ပြေးဆွဲ၍ ခရီးသွားပြည်သူများ အဆင်ပြေ

မြန်မာ့မီးရထားမှ ရထားစီးခရီးသည်များ အဆင်ပြေစေရေးအတွက် ဇန်နဝါရီ(၂၃)ရက်နေ့မှစတင်၍ အမှတ်(၆၁) အဆန်ရထားပြေးဆွဲခဲ့ရာ  ခရီးသွားပြည်သူများ အဆင်ပြေကြကြောင်း သိရသည်။
Subscribe to