ကော့မှူး၌ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁)/ (၂) မှ သီးနှံလျော်ကြေးငွေပေးအပ်ပွဲကျင်းပ

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာနဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁) နှင့် (၂) မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် MOGE-6 စပါယ်ကြီးစမ်း-နတ်စင်ကုန်းဧရိယာ သီးနှံလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးသတိမူရေး လိုက်လံနိူးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးသတိမူရေး လိုက်လံဆော်ဩခြင်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ ည (၆) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုအဆင်‌ပြေ‌‌ချောမွေ့စွာဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ဩဝါဒါစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ဖူးမြော်

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ သောဠသမရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာ တော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ ညနေပိုင်း၌ သွားရောက်ဖူးမြော်ကြသည်။

သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ အစိုးရအဖွဲ့ဝင်မိသားစုများနှင့် အမျိုးသီးကော်မတီဝင်များ၊ အလှူရှင်များစုပေါင်း၍ သန်လျင်ခရိုင် သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ကူးစက်ပျံ့ပွားမှုကိုတားဆီးရန်၊ လျှော့ချနိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လှိုင်းဘွဲမြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက  နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိ ပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (YouthClub) အဖွဲ့ဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အောင်မြင်မှု" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇန်ဝါရီ ၂၇ ရက်နေ့ နေ့လယ် (၁၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များမှ ဖိုရမ်အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များမှ ဖိုရမ်အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်လူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲ့ကြသည့် နေပြည်တော်ကိုယ်စားပြု လူငယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြဝတီခရိုင်စားသုံးသူရေးရာကော်မတီ (၁/ ၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ​မြဝတီခရိုင် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ကျင်းပသည်။
Subscribe to