လိပ်သိုဒေသတွင် အာရေးဗီးကားကော်ဖီသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ ဉယျာဉ်ခြံများတွင် ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားလျက်ရှိကြရာ နှစ်ရှည်ပင်ဖြစ်သည့် အာရေးဗီးကား ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူးနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် မိုးမြေပဲ (၁၅၃၄၃)ဧက ရိတ်သိမ်းပြီး (၁၀၉၁၁၉၄ )တင်းထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကိုလျာထားချက်ပြည့်မှီစွာစိုက်ပျိုးနိုင်ခဲ့ပြီး ဧက(၁၅၃၄၃)ဧက ရိတ်သိမ်းပြီးဖြစ်၍ (၁၀၉၁၁၉၄) တင်း ထွက်ရှိ​ကြောင်း သိရသည်။

ဆေးတက္ကသိုလ်(မန္တလေး)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူတွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ဆေးပညာပထမနှစ် (၁၁/၂၀၂၅)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူတွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ် (မန္တလေး) ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် မန်းရေနံမြေဧရိယာရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှု လုပ်ငန်းခွင်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေဧရိယာရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေ၏လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ နေ့စဉ်ထုတ်လုပ်နေမှုလုပ်ငန်းခွင်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော မိုးရာသီ အခြေခံအလေးမ၊ တိုက်ကွမ်ဒို၊ မြန်မာသိုင်း၊ Fitness Dance အားကစားသင်တန်းဆင်းပွဲကို ယမန့်နေ နေ့လယ် ၁ နာရီအချိန် ပညာလင်္ကာရမဏ္ဍိုင်ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်နေသည့် အသက် (၁၈) နှစ်ပြည့်ပြီး‌သော ကျောင်းသား/ကျောင်းသူများ မဲစာရင်းတွင် ပါ၀င်လာစေရေး စစ်ဆေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်နေသည့် အသက် (၁၈) နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများ မဲစာရင်းတွင် ပါ၀င်လာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်၌ ဂေါ်ဖီထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း သီးနှံပေါ်ချိန်ဈေးကောင်းရရှိရေး မျှော်လင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ဂေါ်ဖီထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရေးမျှော်လင့်နေကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ ပုံပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးတို့အတွက် ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲများကို  ကျင်းပပေးခဲ့ကြောင်း  သိရသည်။
Subscribe to