သုံးခွမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနေမှုအား ကွင်းဆင်းကြည့်ရှု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲစာရင်းများ ကပ်ထားကြေညာနေမှုကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်နှင့်ဖန်တီးမှုအသိပညာပေး Talk Show ဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်နှင့်ဖန်တီးမှုအသိပညာပေး Talk Show ဆောင်ရွက် ဒဂုံအရှေ့ နိုဝင်ဘာ ၂၇ ဇွဲမင်းထက်(ပြန်/ဆက်)

ကန်ကြီးထောင့်မြို့နယ်၊ ဒါးကမြို့မဈေးတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်ခြင်းကို နိုဝင်ဘာလ (၂၄) ရက်နေ့က ဒါးကတိုက်နယ်ရှိ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ပိုင် ဒါးကမြို့မစျေးအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အ.ထ.က (ခွဲ) ကျွန်းကုန်းကြီးကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) အား မျိုးစေ့ချစက်ဖြင့်စိုက်ပျိုးပြသခြင်းနှင့် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးအားလက်တွေ့စိုက်ပျိုးပြသ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ရေဆင်းစပ်မျိုးနေကြာ (၁) အား မျိုးစေ့ချစက်ဖြင့် လက်တွေ့စိုက်ပျိုးပြသပေးခြင်းနှင့် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဖြူကျေးရွာအုပ်စုရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ဧက (၁၅၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူ သုံးရာငါးဆယ်ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၅ - ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားဦးရေ သုံးရာငါးဆယ်ကျော်အထိရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ(၁၂/၂၀၂၅)အခမ်းအနားမှ သိရသည်။

ကမာရွတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့တွင် သစ်​တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနနှင့်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနကျောင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့ အ.ထ.က (၂) ကျောင်း မဟောဓတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သရက်အကျဉ်းထောင်မှ အကျဉ်းသား(၃)ဦး လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိပြီး မကြာမှီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် သရက်အကျဉ်းထောင်မှ အကျဉ်းသား(၃)ဦးအား ယနေ့နံနက် (၈)နာရီက ကင်းလွတ်ခွင့်ပေးခဲ့သည်။
Subscribe to