ပြည်မြို့၌ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်ရှိ တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ကြံခင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဖျင်စဖြင့် ကြက်မွှေးပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူအကျဉ်းထောင်မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ(၆)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၀/၂၀၂၅ အရ မကြာမီကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ(၇၂၄)ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလျက်ရှိရာ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ချိန်တွင် တောင်ငူအကျဉ်းထောင်မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ (၆)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

မောက်မယ်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲလုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ နမ့်ယွန်းခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တို့အတွက် လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၅) ဦး လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်  ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၅) ဦးအား ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က လွှတ်ပေးခဲ့သည်။

ကလေးအကျဥ်းထောင်မှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် အကျဉ်းသူ (၅) ဦး လွတ်ငြိမ်းခွင့်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (၂၇-၁၁-၂၀၂၅) ရက်စွဲပါအမိန့်အမှတ် ( ၁၁/၂၀၂၅ )၊ ကျင့် ၄၀၁/၁ အရ အကျဥ်းသား အမျိုးသမီး (၅) ဦး  လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအကျဥ်းဦးစီးဌာန၊ ဇလပ်ဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းစာအုပ်အား ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စကုမြို့၌ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော အနာဂါတ်လူငယ် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စကုမြို့ အားကစားကော်မတီနှင့် Sagu Net တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် မြို့အုပ်ချုပ်ရေးမှူးဖလား(Sagu Net Cap) အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က စကုမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Youth  Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ တင်ညွန့်ရေးသားသော လူငယ်နှင့်အတွေးအမြင် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to