အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် စာရေး Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က "စာမူရှင်ဖြစ်သူသမိုင်းမြို့မဘုန်းတေဇ၏ "လူ့ လူ လူးနှင့် လူ့သဘောမနောသဘာဝ" စာအုပ်ဖြင့် BookClub စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင်၊ ဗဟန်း BookClub မြန်မာ့တံခွန်အယ်ဒီတာချုပ် ဆရာဦးသူရဇော်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ‌သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အစိုးရစက်မှုလက်မှု သိပ္ပံ(မော်လမြိုင်)‌၊ ခန်းမဆောင်၌ကျင်းပပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ကျိုက္ကစံဆံတော်ရှင်စေတီ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှုနိုင်ရေး လမ်းညွှန်မှုခံယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင် ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လမ်းညွှန်မှုခံယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စေတီတော်ရင်ပြင်နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံတွင် ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မြစ်ကမ်းသာအပန်းဖြေစီမံကိန်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းအတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မြစ်ကမ်းသာအပန်းဖြေစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၂၅)ရှိ KG ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၉၉)ဦးအား (သတ္တမအကြိမ်)ကျောင်းတွင်း အာဟာရ(School Meal)ကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (School Meal) အစီအစဥ်ကို(သတ္တမအအကြိမ်)မြောက် ဆောင်ရွက်လျက်ရှိခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် (၀၈:၀၀) နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မိဘရိပ်စက်သုံးဆီဆိုင်၊ နွေမိုးဆောင်း စက်သုံးဆီဆိုင်များအား ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် (၉)နာရီက ဖျာပုံခရိုင်၊ မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to