ဘိုကလေးမြို့နယ်တွင် (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

ဗုဒ္ဓသာသနာတော်ထွန်းကားတည်တံ့ရေးအတွက် အခြေခံ အကျဆုံးဖြစ်သော ပရိယတ္တိသာသနာတိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယမဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး၍ (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ဇန်နဝါရီ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပ‌ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စာအောင်သံဃာတော်များနှင့် ရှင်သာမဏေများအား စာအောင်ဆုပေးအပ်ခြင်း ဆုနှင်းသဘင်အခမ်းအနား ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖျာပုံခရိုင်အတွင်းရှိ ဆေးရုံများတွင်အသုံးပြုရန် Mobile Oxygen Concentrator လှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ဆေးရုံများတွင် အသုံးပြုရန်အတွက် (မေတ္တာပါရမီရှင်ဖောင်ဒေးရှင်း)မှ Mobile Oxygen Concentrator လှူဒါန်းပွဲကို ဇန်နဝါရီလ (၂၈)ရက်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၍ ကျင်းပ သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဝေပေးမည့်ဆေးဝါးများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဖြူးပေးအပ်မည့်ဆေးဝါးများနှင့် ကျန်းမာရေးပစ္စည်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် (၁၁) နာရီက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲသို့ အနယ်နယ်အရပ်ရပ်မှ  ရှင်မိရှင်ဖများလာရောက်ကြပြီး ဈေးရောင်းဈေးဝယ်ကြသူများဖြင့်စည်ကား 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီလ (၂၉) ရက်မှ ဖေဖော်ဝါရီလ (၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ရှင်မိရှင်ဖများ လာရောက်ကြပြီး ဈေးရောင်းဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ် (၃)မိုင်မြို့သစ် အမှတ်(၃)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မီးသတ်စခန်းနှင့် (၁)ဖာလုံခန့်ကွာဝေးသော သုံးမိုင်မြို့သစ်၊ အမှတ် (၃) ရပ်ကွက်၊ အေးသာယာလမ်းတွင် ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် လူနေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစု၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံမျိုးစုံ ၁၆၆၅ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံမျိုးစုံ ၁၇၈၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့၌ (၆၅) ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပုဂံခေတ် ပေါက်ကန်ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ (၆၅)  ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဉက္ကလာပမြို့နယ်၌ နိုင်ငံ့၀န်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to