ကော့သောင်း ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်နယ်များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ ဘိုးဘွားရိပ်သာပရဝုဏ်အတွင်း သန့်ရှင်းသာယာရေးအတွက် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများ၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား စစ်ဗျူဟာအဖွဲ့(အခြေချ)(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ပြီး ရိပ်သာမှတာဝန်ရှိသူများ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)