၁၀၃ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာမွန် ငွေစုငွေချေး သမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ် ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ၁၀၃ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာမွန်ငွေစုငွေချေးသမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီ မြို့နယ်ပညာရေးဝန်ထမ်းမိသားစု ၂၁၁ ဦးအား Pfizer ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Pfizer ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး၊ အထကဝါးတော၊ အထက(ခွဲ) ရေပူ၊ စောနေစိုးမြ(မူလွန်)ကျောင်းတို့၌ ဆောင်ရွက်သည်။

မြောင်းမြခရိုင် (Community Centre)ခန်းမတွင် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတပြည့်စုံစေရေးအတွက် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများကိုမန်နေ့မွန်းလွဲ (၁း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ ရော်ဘာစိုက်ဧက ၂၂၁၃၅ ဧကရှိပြီး အရည်အသွေးကောင်း ရော်ဘာပြားများမှ နိုင်ငံခြားဝင်ငွေအများဆုံးရရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးစက်မှုထွက်ကုန်ဖြစ်သော နှစ်ရှည်ပင်ရော်ဘာဧက နှစ်သောင်းကျော်ရှိပြီး အဆို ပါရော်ဘာပင်များမှ အရည်အသွေးကောင်းမွန်သောရော်ဘာပြားများကို အသေးစားစက်မှုလုပ်ငန်းရှင်များက အရည်အသွေးပြည့်မီစွာရော်ဘာပြားများကို ထုတ် လုပ်ရောင်းချသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိပြီး တရုတ်နိုင်ငံနှင့်  မလေးရှားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြည်ရေး၊ ကျေးရွာလမ်းဘေးဝဲယာတွင် အရိပ်ရစေရေး၊ ပန်းအလှပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပဆောင်ရွက်သည်။

ကျိုင်းတုံမြို့၌ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဌာနနှင့်ပူးပေါင်းပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက  မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အဆိုပါကျောင်း အလံရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to