တနိုင်း ဖေဖော်ဝါရီလ ၁၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၇၉)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း ၂ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်နှင့် အရာရှိများ တက်ရောက်ပြီး ရဟန်း၊ သံဃာများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်နှင့်အရာရှိများ၊ တပ်မတော်အရာရှိများ၏ ဇနီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဒေသခံပြည်သူများက တနိုင်းမြို့အတွင်း၌ရှိသည့် ဘုန်းတော်ကြီးကျောင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊ ကိုရင်များနှင့် သီလရှင်ဆရာများ စုစုပေါင်းအပါး ၁၇၃ ပါးတို့အား ဆွမ်းဆန်စိမ်း၊ သောက်ဆေး၊လိမ်းဆေး၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လှူဒါန်းခဲ့ကြောင်းသိရသည်။
ယင်းနောက်(၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများကို မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မုန့်လက်ဆောင်းဖြင့်ဧည့်ခံကျွေးမွေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)