ရွှေတောင် စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းဘာသာရပ်များ သင်ကြားမှုအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သည့် ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီး ပို့ဆောင်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ စီစဥ်ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၉) ဦးတို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလိုက်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ရာ ပြည်မြို့နယ်အတွင်းရှိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော နေကြာစိုက်ခင်းများ၊ ဝါစိုက်ခင်းများ၊ မှော်ဇာပြတိုက်၊ ပြည်ရွှေဆံတော်ဘုရားနှင့် ရွှေတောင်မြို့နယ် ဖိုးခေါင်ကျေးရွာရှိ ကြက်မွေးမြူရေးခြံနှင့် ကသဲတန်းလမ်းအတွင်းရှိ နွားမွေးမြူရေးခြံနှင့် နေပီယာမြက်စိုက်ပျိုးထားရှိမှု အခြေအနေများကို လေ့လာရေးကွင်းဆင်းခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)