Bagan Heritage Trust (BHT) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး (၂/၂၀၂၃) ကျင်းပ ပြုလုပ်
Sep 11,2023
ပုဂံအမွေအနှစ်စောင့်ရှောက်ရေးအသင်း (Bagan Heritage Trust) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ယမနေနေ့ နံနက် ၁၀ နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ဌာနနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ BHT ၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးရန် ရည်ရွယ်ချက်များဖြင့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။