ကျွန်းလှ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံရေးအသိပေး ရှင်းလင်းခြင်းကိုယနေ့နံနက်(၁၀)နာရီကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေးက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်က အသက် (၉)နှစ်မှ(၁၀)နှစ်အထိမိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကြောင့် ရပ်နားထားခဲ့ရသည့်အတွက်ယခုအခါအသက်(၉)နှစ်မှ(၁၂)နှစ်အထိမိန်းကလေးငယ်များအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နှီးနွယ်ဌာနများ ဝိုင်းဝန်းကူညီကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ကျောင်းအခြေပြုအနေဖြင့် စက်တင်ဘာ (၁၉) ရက်မှ (၂၈) နေ့အထိလည်းကောင်း၊ ပြည်သူလူထုအခြေပြုအနေဖြင့် အောက်တိုဘာ(၁၀)ရက်မှ(၂၇)ရက်နေ့အထိလည်းကောင်း သတ်မှတ်ဆေးထိုးစုရပ်များ၌ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ