မြောက်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်နှင့်စာပေ ဟောပြောပွဲ ကျင်းပ

မြောက်ဦး စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာပေ၏ ကောင်းကျိုးကို သိရှိပြီး စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက်ရရှိစေရေး လူငယ်နှင့်စာပေ ခေါင်းစဉ် ဖြင့် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်က ယနေ့လူငယ်များ အတွေးမှန်၊ အမြင်မှန် လုပ်ရပ်မှန်မှ နောင်အနာဂတ်လည်း မှန်ကန်ကောင်း မွန် သည့် အနာဂတ်ဖြစ်လာမည်ဖြစ်ကြောင်း၊ အတွေးမှန် လုပ်ရပ်မှန်စေရန် စာအုပ်စာပေ ဖတ်ရှုကြရန် လိုအပ်ကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများ စိတ်ဝင် စားသူ လူငယ်လူရွယ်များ ပါဝင်ယဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုမျာ းအသီးသီး ပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)