တောင်ကုတ် စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာ်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း၊ မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးတင်အောင်က အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိဦးမြင့်ရွှေက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးဇော်သက်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-12 (A) မှ မောင်ဆန်းထက်ဦးမှ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 (A) မှ မဆုမြတ်သော်တာမှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 (A) မှ မဥမ္မာကြည်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 (A)မှ မအလင်္ကာမွန် ကလူငယ်နှင့်ဆိုရှယ် မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 (B)မှ မောင်အောင်ဟိန်းဇော် ကလူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 (A)မှ မောင်စန်းထက်ဦးက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 (A)မှ မောင်သက်ပိုင်ဖြိုးက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများ၏ ပြန်လည် မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူ ဦးဇော်သက်နှင့်ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားကြသည်။
အခမ်းအနားသို့ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)