သတင်းများ

အာဆီယံ-တရုတ်စင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun , အဖွဲ့ဝင်များနှင့်တွေ့ဆုံ
Jul 21,2023
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အာဆီယံ-တရုတ်စင်တာ (ASEAN China Centre – ACC)၏ အထွေထွေ အတွင်းရေးမှူချုပ် H.E. Mr. Shi Zhongjun ဦးဆောင်သည့် အဖွဲ့ဝင်(၄)ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်  တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 21,2023
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့ကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများမှ ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ နှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအပေါ် တိုးတက်မှုများ၊ နှစ်အလိုက်ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ကိန်းဂဏန်းများ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ပြုစုထားရှိရန် လိုအပ် မှာဖြစ်ကြောင်း၊အခြေခံစားသောက်ကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းညှိပေး နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဒေသတွင်း ကုန်စည်ဒိုင်များ၊ မွေးမြူရေးဒိုင်များနှင့် ချိတ်ဆက်ပြီး သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခြင်း၊ မြို့နယ်အလိုက် အခွန်လွတ်ဈေးများ ဖွင့်လှစ်ပေးခြင်းဖြင့် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများကို ထိန်းညှိစေရေး ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက်အကျိုးဖြစ် ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)များကို အားပေးမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး မောင်းနှင်အား ကောင်းမွန် လာစေရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ကြောင်း၊ ပြည်နယ်အတွင်း  ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများတွင် လုပ်ငန်းရှင်များမှလည်း နစ်နာမှု မရှိစေရေး၊ နိုင်ငံတော်မှလည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရေးတို့လည်း ဆောင်ရွက်သွားကြဖို့ လိုအပ်သည့်အပြင် သက်ဆိုင်ရာ ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်သောဌာနဆိုင်ရာ လုပ်ငန်းတင်ဒါခေါ်ယူမှုများတွင် နိုင်ငံတော်မှထုတ်ပြန်ထားသော တင်ဒါညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြစ်စေရေးဆောင်ရွက်ပေးကြရန် မှာကြားသည်။
တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်း စားပင်သီးနှံစိုက်ပျိုး‌ရေးနှင့် ဝင်ငွေရရှိမှုဆိုင်ရာ စာအုပ်ဖတ်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Jul 21,2023
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းလှမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Jul 21,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နေ့လည်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူ(၄၄၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  အ.လ.က(၁)ရန်ကင်းကျောင်းရှိ ကျောင်းသား/ သူ( ၄၄၇ )ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ရေတာရှည်မြို့နယ် ဝါးတောကြီးကျေးရွာ(မူလွန်)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ​ယမန်​နေ့  နေ့လယ်ပိုင်းက ​​ဝါးတောကြီးကျေးရွာ(မူလွန်)ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
Jul 21,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ လူကုန်ကူးမှုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု အမှတ်(၉)တို့ ပူးပေါင်းကာ ယမန်နေ့ နေ့လယ်(၁၂း၃၀)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)​ ကျင်းပခဲ့သည်။