သတင်းများ

မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေး မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းနှင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်  မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းနှင့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2023
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၉)နာရီအချိန်က စတင်ပြီး  ပင်စင်စားများအား ထုတ်ပေးလျက်ရှိသည်။
ဘိုကလေးမြို့နယ်ရှိ မြစိမ်းရောင် ဘုရားကြီးတွင် ပူဇော်မည့် မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား ပင့်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် နှစ်ပေါင်း(၁၁၃)နှစ်ကျော်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မြစိမ်းရောင်ကြေးသွန်းဘုရားကြီးအား မူလကပူဇော်ထားရှိခဲ့သော မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား မူလအတိုင်း ပြန်လည်ပူဇော်ထားရှိနိုင်ရေးအတွက် မြစိမ်းရောင်ဘုရားကြီး ဂေါပကအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြန်လည်ပူဇော်နိုင်ရေး အတွက် သာသနာ့အနွယ်ဝင် ရဟန်း၊ ရှင်၊ လူ အပေါင်းတို့မှ တတ်အားသရွေ့ ဝိုင်းဝန်းလှူဒါန်း ဆောင်ရွက်လျက်ရှိပြီး ပူဇော်ထားရှိမည့် မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား ဘိုကလေး မြို့နယ်သို့ ပင့်ဆောင်နိုင်ရေး ညှိနှိုင်းစည်းဝေးပွဲအား ဇူလိုင်(၂၀)ရက် နေ့လယ်(၂)နာရီတွင် မြစိမ်းရောင်ဘုရားကြီးတန်ဆောင်းတော်အတွင်း ကျင်းပဆောင်ရွက်သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Jul 21,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဇူလိုင် ၁၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်တာဝန်ရှိသူများက ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဂွမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jul 21,2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ တဘိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ရွာမရပ်ကွက်အတွင်း  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်း
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကုန်းလုံ အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ များ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများ အား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး မုဒုံမြို့၊ အသောကာရာမ ပရိယတ္တိ စာသင်တိုက် ဆရာ တော် ဖူးမြော်ကြည်ညို၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းပေးအပ်
Jul 21,2023
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်​ကြီးများသည် ယမန်​နေ့ နေ့လယ်ပိုင်းက မုဒုံမြို့၊ အသောကာရာမ ပရိယတ္တိစာသင်တိုက်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇ ဓမ္မာစရိယ ဝိနယ ပါဠိပါရဂူ အသောကာရာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင်မင်္ဂလာဘိဝံသအား ဖူးမြော်ကြည်ညို၍