သတင်းများ

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Oct 03,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာနအစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။
ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို အထူးအလေးထားလိုက်နာရန် တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြား
Oct 03,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၃)ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက် မွန်းလွှဲ ၂ နာရီက အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဒါးပိန်)၌ လူငယ်စကားဝိုင်းကျင်းပ
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ဒါးပိန်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့၌ နေကြာစိုက်တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော မိုးနေကြာ (ဆင်း ရွှေကြာ -၂) မျိုး မြှင့်တင်ရွေးချယ်ခြင်းဆောင်ရွက်
Oct 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ညောင်ငါးပင်ကျေးရွာနှင့်ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့တွင် နေကြာစိုက်တောင်သူ များ ပူးပေါင်းပါဝင်ဆောင်ရွက်သော မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုး မြှင့်တင်ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ငါးပင်ကျေးရွာ၊ ကွင်းအမှတ် ၁၂၇၉ ၊ တောင်သူ ဦးဇော်မိုး၏ နေကြာ စိုက်ခင်းတွင် ကျင်းပသည်။
အ.ထ.က မိုင်းနောင်ကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ သင်ယူနိုင်ရေး လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ချည်မျှင်ရှည်ဝါဈေးနှုန်းဆက်လက်မြင့်တက်လာ
Oct 03,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယခင်အပါတ်ဖွင့်ဈေး(၁၈၀၀)ကျပ်မှ ယခုအခါ ဝါဈေးအနေဖြင့်(၁)ပိသာလျှင်ငွေကျပ်(၂၅၀၀)ဈေးထိ ရောင်းချနေရပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံ ကသိရှိရသည်။