ခိုလမ်မြို့ အမှတ်(၁)ရပ်ကွက်တွင် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး

ခိုလမ် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊  ခိုလမ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်၉နာရီခွဲက အမှတ်(၁)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ကေသီအေး၏ဦးဆောင်မှုဖြင့် ဒု-လဝကမှူး ဒေါ်အေးမြဖြူနှင့်အဖွဲ့ဝင်များက ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိ​သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အမှတ်(၁)ရပ်ကွက်နေ ပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းကို စနစ်တကျဆောင်ရွက်ပေးပြီး ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Databaseတွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)