သတင်းများ

နေပြည်တော်ကောင်စီဝင် နေပြည်တော်ရဲတပ်ဖွဲ့ ရဲမှူးကြီးကိုကိုလွင်၊ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနား တက်ရောက်
Jul 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဘေးရှိ မြေကွက်လပ်၌ နေပြည်တော်ကောင်စီဝင် နေပြည်တော်ရဲတပ်ဖွဲ့၊ ရဲမှူးကြီး ကိုကိုလွင်၊ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် မြို့ပြလမ်းတံတား၊ ရေပေးဝေရေးနှင့် အခြားလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jul 22,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မြို့ပြလမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်မှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြော
Jul 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ‌နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံ ရှင်းလင်းဆောင်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်း ပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အ.ထ.ကတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ
Jul 22,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က သဇင်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာဆရာ/ဆရာမ (၂၂)ဉီးနှင့်ကျောင်းသား/ ကျောင်းသူ (၁၉၉)ဉီး ပေါင်း(၂၂၁)ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။
မချမ်းဘော၌ မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အစည်းအဝေးကျင်းပ
Jul 22,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်စုသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု နှစ်ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် Steaming Ron နှင့် Tumble Dryer လှူဒါန်း
Jul 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် တပ်နယ်မိသားစုများနှင့် ဒေသခံစေတနာရှင်များ စုပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် Steaming Ron နှင့် Tumble Dryer ကို ဇူလိုင်လ ၂၁ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြသည်။
နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် စက်ရုံအလုပ်ရုံတို့ရှိ ပြည်သူစုစုပေါင်း ၈၂၁ဦးတို့အား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ်စာရွက်များ ထုတ်ပေးပြီးဖြစ်
Jul 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ ဇူလိုင်လ (၃)ရက်နေ့မှ စတင်ကာ နိုင်ငံသား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် စက်ရုံအလုပ်ရုံတို့ရှိ ပြည်သူ စုစုပေါင်း ၈၂၁ ဦးတို့အား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ် စာရွက်များ ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
သီပေါမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။