သီပေါ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့ က မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေမြှင့်တက်လျက်ရှိပြီး မြစ်ကမ်းတစ်လျှောက်ရှိ ဇာတ်စုရပ်ကွက်၊ ဈေးရပ်ကွက်၊ ပန်းတိမ်တောင်ရပ်ကွက်များမှ ပြည်သူများ ပြောင်းရွှေ့နေထိုင်ရေးနှင့် မြေထိန်းနံရံ တာတမံများ ပြိုကျပျက်စီးမှုမဖြစ်ပေါ်စေရေးတို့အတွက် ယနေ့နံနက်ပိုင်းက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ မြေထိန်းနံရံ တာတမံများပြိုကျပျက်စီးမှု မဖြစ်ပေါ်စေရေးတို့အတွက် တာယာများ၊ သဲအိတ်များဖြင့် ဖြည့်ဆည်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဈေးရပ်ကွက်အတွင်းရှိ နေအိမ်တွင်း ရေဝင်ရောက်လျက်ရှိသည့် အိမ်ထောင်စု(၄)စုမှ လူဦးရေ(၂၄)ဦးတို့အား မြို့လယ် မဟာသာသနာ့ဗိမာန်တော်ကြီး၌ ပြောင်းရွှေ့နေရာချပေးခဲ့ကြောင်းနှင့် ဈေးရပ်ကွက်မှ အိမ်ထောင်စု(၅၀)စု ၊ဇာတ်စုရပ်ကွက်မှ အိမ်ထောင်စု (၁)စု၊ ပန်းတိမ်တောင်ရပ်ကွက်မှ အိမ်ထောင်စု(၁၆)စု ၊ အိမ်ထောင်စု(၆၇)စုမှ လူဦးရေစုစုပေါင်း (၃၂၁)ဦး တို့သည် နီးစပ်ရာဆွေးများနေအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)