ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ကွတ်ခိုင် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုနှင့် စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀:၃၀)အချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) မှ ဦးတင်ထွန်းအောင်က “လူဆိုသည်မှာ” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဦးလွှမ်းမိုးအောင်က “တန်ဖိုးရှိတဲ့ဘဝ” ခေါင်းစဥ်ကို လည်း‌ကောင်း မိမိတို့၏ ထင်မြင်ယူဆချက်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲ (Talk Show)များကို ကျင်းပပေးခြင်းဖြင့် စာဖတ်သူအချင်းချင်း၊ အသင်းအဖွဲ့များအချင်းချင်း ရင်းနှီးချစ်ခင်လာစေပြီး စာဖတ်ဝိုင်းမှ စာပေလေ့လာဖတ်ရှုခွင့် ရရှိစေမှာဖြစ်သည့်အတွက် စာကြည့်တိုက်အသင်းဝင်ဦးရေ လစဥ်တိုးပွားစေခြင်း ၊အွန်လိုင်းမှတဆင့် ကဗျာ၊ ပုံပြော စာအုပ်မိတ်ဆက်စသည့် ကဏ္ဍများကို လွှင့်တင်‌ပေးခြင်းတို့ကို‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)