Myanmar Traditional Food Fair အထက်ဗမာပြည် တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်နှင့် ဒေသထွက် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည်  အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁လမ်း (သိပ္ပံ)လမ်း၊ ၆၉x၇၀ လမ်းကြားရှိ Mandalay Convention Center (MCC)တွင် ကျင်းပပြုလုပ်သည့် Myanmar Traditional Food Fair အထက်ဗမာပြည် တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်နှင့် ဒေသထွက် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ Mandalay Convention Center (MCC)မန်နေဂျင်း ဒါရိုက်တာဒေါ်တင်ဆန်းနွယ်၊မြန်မာပြည် စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသင်္ကြန်ကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က Myanmar Traditional Food Fair အထက်ဗမာပြည် တိုင်းရင်းသား ရိုးရာအစားအသောက်ပွဲတော်နှင့် ဒေသထွက်ကုန်စည် ပြပွဲဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာ့ရိုးရာ ခြင်းလုံးအလှပြများ၊ရုပ်သေးအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီးနောက်  ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ရိုးရာ အစားအသောက် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ Mandalay Convention Center (MCC) မန်နေဂျင်း ဒါရိုက်တာ ဒေါ်တင်ဆန်းနွယ်၊ မြန်မာပြည်စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသင်္ကြန်ကျော်နှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ အဆိုပါ Myanmar Traditional Food Fair အထက်ဗမာပြည် တိုင်းရင်းသား ရိုးရာအစား အသောက်ပွဲတော်နှင့် ဒေသထွက်ကုန်စည်ပြပွဲအား ၁၃.၁၀.၂၀၂၃ မှ ၁၅.၁၀.၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း