ကွန်ဟိန်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ထိုနောက် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွန်းမျက်သွယ်နိုင်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်ကောင်း” စာအုပ်ဖြင့် “တိုင်းပြည်ကောင်းအောင် ခေါင်းဆောင်တိုင်းအရေးကြီး” ခေါင်းစဥ်ဖြင့် ဦးဆောင် ဆွေးနွေးပြီး ဒေါ်နန်းခင်ညွှန့်ရီက “လူ့တန်ဖိုး ခေါင်းစဥ်” ဖြင့် လည်းကောင်း၊ ဒေါ်သင်းမူထွေးက “ခေါင်းဆောင်မှုဆိုင်ရာမှတ်စု” ခေါင်းစဥ်ဖြင့် လည်းကောင်း ဒေါ်မေရီဝင်းက “စည်းရုံးရေးစွမ်းရည်” စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ပြီး ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းကြောင်း သိရှိရပါသည်။
မျက်သွယ်(ပြန်/ဆက်)